Song

Wednesday, February 20, 2013

        လှပ သန့်ရှင်းသော မျက်နှာ ပိုင်ရှင်ဖြစ်ဖို့

ခန္တာကိုယ် အစိတ်အပိုင်းတွင် မျက်နှာပြင် အလှသည် လူတစ်ဦး အတွက် ဂရု အစိုက်ဆုံး၊ အလေးထားဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ငွေကြေး မြောက်မြားစွာ အကုန်ခံ၍ ဂရုပြု စောင့်ရှောက် ကြလေ့ ရှိကြသည်။

မျက်နှာပြင် အသားအရေ လှပ ၀င်းစို နေစေရန် ထိန်းသိမ်းသည့် အခါ အချို့ ကလည်း ဈေးကြီး ပေး၍ ၀ယ်ရသော အလှကုန် ပစ္စည်းများ သုံးခြင်းဖြင့် ထိန်းသိမ်းသည်များ ရှိသကဲ့သို့ ဈေးကြီး ပေးရသည့် မျက်နှာ အလှပြုပြင်သည့် နေရာ များတွင် သွားရောက် လုပ်နိုင် ကြသော်လည်း အခြေခံ လိုအပ်ချက်များ လိုက်နာ ခြင်းဖြင့်လည်း မျက်နှာ အသားအရေ လှပ ၀င်းစိုစေရန် ထိန်းသိမ်း နိုင်ကြောင်း အရေပြား ဆိုင်ရာ ကျွမ်းကျင် ဆရာဝန် များကပြောသည်။

မျက်နှာပြင် အသားအရေ လှပ ၀င်းစို နေစေရန် မျက်နှာသစ်သည့် အချိန်တွင် ရေအေးအေး အသုံး ပြုခြင်းထက် ဖြစ်နိုင်လျှင် ရေခပ်နွေးနွေး အသုံးပြုခြင်းက ပိုမို သင့်တော်ပြီး မျက်နှာ သစ်သည့် အခါတွင်လည်း အပြင်းစား ဆပ်ပြာများ အထူးသဖြင့် ကာဘော်လစ် ကဲ့သို့ အယ်လ်ကာလီ ဓာတ်များပြားသော ဆပ်ပြာမျိုးအား ရှောင်ကြဉ် သင့်ကြောင်း သိရသည်။

“အရေပြားရဲ့ အဆီဓာတ်ကို ထိန်းသိမ်းပေးတဲ့ အဆီ ဓာတ်တွေဟာ ဆပ်ပြာ ခပ်ပြင်းပြင်း သုံးရင် ပျက်စီး သွားပြီး မျက်နှာ ခြောက်သွေ့ သွားတတ် ပါတယ်။ တချို့ဆို အခန့် မသင့်ရင် ယားကျိကျိ ရှတတ ဝေဒနာတွေ ဖြစ်တတ် ပါသေးတယ်”ဟု အရေပြား အထူးကု ဆိုင်ရာ ဆရာ ၀န်ကြီး ဒေါက်တာ ကျော်ကျော်က အကြံပြု ပြောကြားသည်။

အလှကုန် ပစ္စည်း ကုမ္ပဏီများမှ ထုတ်လုပ်သော မျက်နှာ သန့်စင်ရည်များ အသုံးပြုခြင်းသည် ပိုမို သင့်လျော်သော်လည်း အဆိုပါ ပစ္စည်းများတွင် (No Irritation) ဆိုသည့် အရေပြား ယားယံမှု မရှိပါ ဟူသည့် စာတန်းပါသည့် ပစ္စည်းများအား ရွေးချယ် အသုံးပြု သင့်ကြောင်း သိရသည်။

မျက်နှာ သန့်စင်ပြီးသည့် အချိန်တွင် မျက်နှာပြင်တွင် ဆပ်ပြာများ၊ သန့်စင်ရည်များ အသုံးပြုပြီး ကျန်ခဲ့သည့် အကြွင်း အကျန်များအား သန့်စင်ရန် လိုအပ်ပြီး သဘာဝအရ ကွာကျ လာသည့် ကလာပ်စည်း အသေများကိုလည်း ဖယ်ရှား ပေးနိုင်ရန် အတွက် စစ်လစ် အက်ဆစ် ပါသော တိုနာအား အသုံးပြု သင့်ကြောင်း သိရသည်။

တိုနာ အသုံးပြုပြီး မျက်နှာ သန့်စင် လိုက်သည့် အချိန်တွင် မျက်နှာ အသားအရေ ၀င်းလက် စိုပြည် သွားမည် ဖြစ်သော်လည်း အဆိုပါ စိုပြည်မှုမှာ ယာယီသာ ဖြစ်ပြီး အချိန် အနည်းငယ် ကြာသည့် အချိန်တွင် အသားအရေ ပြန်လည် ခြောက်သွေ့ သွားနိုင်သည့် အတွက် အသားအရေ နူးညံ့ပြီး စိုစိုပြည်ပြည် ဖြစ်စေရန် မွိုက်စချာရိုက် ဇာဟု ခေါ်သည့် အစိုဓာတ် ထိန်းပေး နိုင်မည့် ပစ္စည်းများ အသုံးပြုနိုင်သည်။

“မွိုက်စချာ ရိုက်ဇာကို အရေပြား အပေါ်ယံ ခပ်ပါးပါး လိမ်းရင် အရေပြားထဲက အစိုဓာတ်တွေ အပြင်ကို ထွက်မသွား စေနိုင်ပါဘူး”ဟုအဆိုပါ ဆရာဝန်က ပြောသည်။

မျက်နှာ သန့်ရှင်းမှုကို ဂရုမပြုမိသည့် အခါတွင် မျက်နှာသည် အခြား အစိတ်အပိုင်း နေရာများ ထက်အဆီ အိတ်များပြီး အဆီပို ထွက်လေ့ရှိသဖြင့် ၀က်ခြံပြဿနာ များပိုမို ခံစားရနိုင်သည်။ ဖုန်များ၊ ကြေးများ၊ အဆီများနှင့် အဆီပေါက် ပိတ်သွားသည့် အချိန်တွင် မျက်နှာတွင် ၀က်ခြံများ ဖြစ်ပေါ် လာလေ့ရှိသည်။

ဝက်ခြံသည် အမျိုးသား၊ အမျိုး သမီးများတွင် ဟော်မုန်းများ ပြောင်းလဲသည့် အချိန်တွင် လည်းကောင်း၊ အချို့တွင် စိတ်ဖိစီးမှုများ ကြုံတွေ့သည့် အချိန်တွင် လည်းကောင်း၊ အချို့တွင် ရောဂါ ပိုးမွှား များကြောင့် မျက်နှာတွင် အလာဂျီ ကဲ့သို့ ၀က်ခြံများ ပြင်းပြင်း ထန်ထန် ခံစား ကြလေ့ ရှိကြသည်။

အချို့ အခြေအနေ များတွင် သူ့အလိုလို အချိန် အနည်းငယ် ကြာသည့်အခါ ပျောက်ကင်း သွားသည်များ ရှိသော်လည်း တချို့မှာ ပိုးသတ်ဆေးများ အသုံးပြု၍ ကုသမှသာ ရောဂါ သက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရသည်။

သာမန်အားဖြင့် ဖြစ်သော ၀က်ခြံများအား ပုံမှန်အတိုင်း အဆီပေါက် ပွင့်စေရန် သန့်ရှင်းရေး ပြုလုပ်သည့် နည်းများ ဖြစ်သည့် ပိတ်နေသော ကလာပ်စည်း များအား မျက်နှာသစ် ဆပ်ပြာဖြင့် ရှင်းလင်းပေးခြင်း၊ တိုနာ အသုံးပြု၍ အရေပြား၏ ပုံမှန် (PH) ကိုလည်း ထိန်းသိမ်း ပေးခြင်း များဖြင့် ပြန်လည် သက်သာ စေနိုင်ကြောင်း သိရသည်။

မနက်ပိုင်းတွင် မိက်ကပ်များ အသုံးပြုသည့် လူတိုင်း အနေဖြင့် ညပိုင်းတွင် မျက်နှာပေါ်မှ အညစ် အကြေးများအား မနက်ခင်းတွင် သန့်ရှင်းရေး လုပ်သကဲ့သို့ ပြန်လည် ဆေးကြော ရမည် ဖြစ်ပြီး ဆေးကြော သန့်စင်ခြင်း မလုပ်ခဲ့ပါက အဆီပေါက်များ ပိတ်ပြီး ၀က်ခြံများ ဖြစ်လာ စေနိုင်ကြောင်း ဒေါက်တာ ကျော်ကျော်က ပြောသည်။

ညဘက် မျက်နှာ သစ်ပြီးသည့် အချိန်တွင်လည်း နေ့ခင်းက ခံစားခဲ့ရသည့် သဘာဝ နေဒဏ်၊ လေဒဏ်ကြောင့် ပင်ပန်းနွမ်း နယ်သွားသည့် အသားရေအား ပြန်လည် အားဖြည့် ပေးမှသာ နောက်နေ့ အတွက် အားပြည့် စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

သုံးသည့် အခါတွင် အသား အရေပေါ် မူတည်ပြီး အသုံးပြုရ သည်ဖြစ်သော်လည်း နို့ရည် သာမက မည့်သည့် ညလိမ်း ခရမ်ပစ္စည်း မဆို အသုံးပြုနိုင်ကြောင်း သိရသည်။ နေရောင်ခြည် ကြောင့်ဖြစ်သည့် အရေးအကြောင်းများ သက်သာစေရန် (AHA)၊ ဗီတာမင်အေ ပါသည့် လိမ်းဆေးများ လိမ်းခြင်းဖြင့် ပြန် လည် ပြုပြင် နိုင်ကြောင်း သိရသည်။

အရေပြား စိုပြည် လှပ နေစေရန် ထိုကဲ့သို့ လိမ်းဆေးများ အပြင် နေ့စဉ် စားသောက်သော အစား အစာများ ဖြင့်လည်း ထိန်းသိမ်း ထားနိုင်သည်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာ မင်ဒီနှင့် ဗီတာမင်အီး ဓာတ်များသည် အရေပြား အတွက် အဓိက အာဟာရ ဖြစ်စေ နိုင်သော ဓာတ်များလည်း ဖြစ်ကြသည်။ နေ့စဉ် အရေပြားအား အဆိုပါ နည်းလမ် များဖြင့် လှပ စိုပြည် နေစေရန် ဆောင်ရွက် နိုင်ပြီး သနပ်ခါး ထူထူ လိမ်းခြင်း သည်လည်း မည်သည့် အရာများ မလိမ်းတာနှင့် ယှဉ်လျှင် ထိရောက်မှု ရှိကြောင်း သိရသည်။

ဝတ်ရည်အောင်
Written by အာယု
မြ၀တီ

အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး

 ၁။ ချောကလက်အညို

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။ဥရောပ သုတေသီတွေက ချောကလက်အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ မှို

ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။တစ်နေ့ကို မှို တစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သားကင်ဆာရောဂါ ဖြစ်ပွားတာကို ၆၄ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တခြားသော လေ့လာသူတွေက ရင်သားကင်ဆာကို ဖြစ်စေတဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ Aromatase ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။

၃။ ဆာဒင်းငါး

နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။အိုမီဂါ-၃ ဓာတ် ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးသွေးကြောပိတ်တာ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ စားပါက တစ်ဒသမသုံး ဂရမ်ရှိတဲ့ အိုမီဂါ- ၃ ကို ရရှိပါတယ်။

၎။ ထောပတ်သီး

ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးပါတယ်။ထောပတ်သီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေ များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက သင့်ခန္ဓာကိုယ် အလေးချိန် ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက သင်စားတဲ့ နေ့စဉ် အစားအစာတွေထဲက ကယ်လိုရီရဲ့ ၂၃ ရာခိုင်နှုန်းကို မပြည့်ဝဆီတွေသာ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါက သင့်ဗိုက်က အဆီတွေကို လျှော့ချနိုင်ပြီး သင့်ခန္ဓာကိုယ် အလေးချိန်ကို ငါးပေါင်အထိ လျော့နည်းသွားစေတယ်လို့ ဆိုထားပါတယ်။

၅။ ငရုတ်ပွသီး

မျက်ကြည်လွှာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ပျက်စီးတာနဲ့ မျက်စိတွင်းတိမ်ဖြစ်တာကြောင့် အမြင်အာရုံထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ လူတင်း၊ ဇီဇန်သင်းနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ငရုတ်ပွသီးက သင့်အမြင်အာရုံတွေ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို ငရုတ်ပွသီး နှစ်ကြိမ် စားပေးပါက ဗီတာမင်စီအပြင် လူတင်း ၁၁၆ မိုက်ခရိုဂရမ်၊ ဇီဇန်သင်း ၅၆၂ မိုက်ခရိုဂရမ်ကို ရရှိစေပါတယ်။

၆။ အစိမ်းရောင် ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။တရုတ် ပန်းကန်လုံး တစ်လုံးစာ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကနေ ဗီတာမင်စီနဲ့ ဗီတာမင်အေ ဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပြီး ဗီတာမင်အေက ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

၇။ အာလူး

သွေးတိုး ကျစေပါတယ်။အာလူး အရွယ်တော် တစ်လုံးကနေ ကယ်လိုရီ အပြည့်အဝ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိနိုင်တဲ့ ပိုတက်စီယမ် ပမာဏထက် ပိုမို ရရှိနိုင်ပါတယ်။ ပိုတက်စီယမ်က နှလုံးရောဂါကို တိုက်ထုတ်နိုင်ပြီး သွေးတိုး ကျစေပါတယ်။

၈။ ပန်းသီး

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပါတယ်။အရသာချိုတဲ့ ပန်းသီး အရွယ်တော် တစ်လုံးမှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ကွာစန်တင်ဓာတ် ကြွယ်ဝပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ Appalachian State University ရဲ့ နှစ်ပတ်ကြာ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက ကွာစန်တင်ဓာတ် ပါအောင် စားသုံးသူတွေက မစားသုံးသူတွေထက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

၉။ ဟင်းနုနယ်ရွက်

အရိုးတွေကို သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွားစေပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ ဟင်းနုနယ်ရွက်ထဲမှာ ဗီတာမင်ကေ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ ဖောလိတ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေက မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်။ ခွက်တစ်ခွက်စာကနေ ၇ ကယ်လိုရီ ရရှိနိုင်ပါတယ်။

၁ဝ။ နွားနို့

အရိုးပါး ရောဂါကို ကာကွယ်ပေးပါတယ်။ကယ်လ်စီယမ် အပြည့်အဝ ရရှိနိုင်တာကြောင့် အရိုးပါးရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ အဆီ မပါဝင်တဲ့ နွားနို့ကို တစ်နေ့ သုံးကြိမ် သောက်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

ရေချိုးချိန်မှာ အသားအရေကို အစိုဓာတ် ထိန်းသိမ်းနည်း


ရေချိုးချိန်မှာ အသားအရေကို အစိုဓာတ် ထိန်းသိမ်းနည်း 

အသက် ကြီးလာတဲ့ အခါမှာ အရေပြားကို ဆေးကြောတာ၊ သန့်စင်အောင် လုပ်တာနဲ့ အစိုဓာတ် ထိန်းတာ စတဲ့နည်းလမ်း တွေကို လုပ်ဆောင်တဲ့ အခါမှာ သတိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

အကြောင်း ကတော့ အသက်ကြီး လာလေလေ အသား အရေက ခြောက်သွေ့ လာလေလေ ဖြစ်တတ်တာကြောင့် အရေပြား စိုပြေနေအောင် ရေချိုးချိန်မှာ လိုက်နာ သင့်တဲ့ နည်းလမ်း တွေကို ဖော်ပြ လိုက်ရပါတယ်။

(၁) အရေပြားကိုခြစ်ပြီး စမ်းသပ်မှု ပြုလုပ်ပါ

သင့်အနေနဲ့ ရေမချိုးခင်မှာ လက်မောင်း ဒါမှမဟုတ် ခြေထောက် ပေါ်က အရေပြား နေရာငယ်ကို လက်သည်းနဲ့ ခြစ်ကြည့် လိုက်ပါ။ အဖြူရောင် အမှတ်ရာကြီး ကျန်နေခဲ့ရင် အရေပြားက ခြောက်သွေ့ နေတာကြောင့် အစိုဓာတ် ထိန်းဖို့ အထူး လိုအပ် နေပါတယ်။

(၂) ရေအေးဖြင့် ချိုးပါ

ရေပူနဲ့ အချိန်ကြာကြာ ချိုးတာက အရေပြား ပေါ်က အစိုဓာတ်ကို ကင်းဝေးစေပြီး အကာအကွယ် အဆီတွေကို ဆေးချ လိုက်သလို ဖြစ်စေပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့ နေသူတွေ အနေနဲ့ အေးမြတဲ့ရေနဲ့ ချိုးသင့်ပြီး ရေချိုးချိန်ကို ခဏပဲ ထားသင့် ပါတယ်။ ဆောင်းရာသီလို အေးမြလွန်းတဲ့ နေ့ရက်တွေမှာ တစ်ရက်ခြား တစ်ကြိမ်ပဲ ရေချိုး သင့်ပါတယ်။

(၃) အဆီဓာတ်ပါသော ဆပ်ပြာသုံးပါ

အဆီဓာတ် ပါတဲ့ ဆပ်ပြာတွေဟာ ရေချိုးပြီးချိန်မှာ အရေပြားပေါ်ကို အကျိုးရှိတဲ့ အဆီလွှာ တင်ကျန် နေတတ် ပါတယ်။ အနံ့မွှေးလွန်းတဲ့ ဆပ်ပြာတွေကတော့ အသားအရေကို ခြောက်သွေ့ စေပါတယ်။

(၄) သပွတ်အူကို သုံးပါ

ရေချိုးချိန်မှာ အရေပြားပေါ်က ဆဲလ်သေတွေ ကွာကျသွားအောင် သပွတ်အူနဲ့ စက်ဝိုင်းပုံ အတိုင်း ညင်ညင်သာသာ လှည့်ပြီး ကြေးကျွတ်အောင် လုပ်ပေးပါ။ သုံးထားတဲ့ သပွတ်အူကို ခြောက်သွေ့တဲ့ နေရာမှာ အမြဲ သိမ်းထားပါ။ စိုစွတ်နေတဲ့ နေရာမှာ ထားပါက ဘက်တီး ရီးယား ပေါက်ဖွား နိုင်ခြေ ရှိပါတယ်။

(၅) အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပါ

ရေချိုးပြီး အချိန် သုံးမိနစ်လောက် ကြာတဲ့အခါမှာ အစိုဓာတ်ပါတဲ့ ခရင်မ် ဒါမှမဟုတ် လိုးရှင်းကို လိမ်းပေးတာက အရေပြား ခြောက်သွေ့တာနဲ့ ယားယံတာကို သက်သာ စေပါတယ်။ အေးမြတဲ့ အချိန်တွေမှာ ပိုပြစ်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို များများ လိမ်းပေးပါ။

ဇွန်

Friday, February 15, 2013

Amazing Shoes

                  Amazing Shoes
 Chiara Wedge - Fab color combo!
                              Dang!
                 Pink Chiffon Heel Condoms
                            Suede Heel      
                                        60´s style

Mantorii Custom Footwear



ART


MEn's HairStyle

MEn's HairStyle

               Backgroomed Hairstyle for Men
             Guys Long Mohawk Hairstyle